အသင့်ချက် ချဉ်၊ ငံ၊ စပ် ဟင်းအနှစ်
ပါဝင်သောပစ္စည်းများ
(၁) ကြက်သွန်ဖြူ (Garlic)
(၂) ကြက်သွန်နီ (Onion)
(၃) ဂျင်း (Ginger)
(၄) စပါးလင် (Lemon Grass)
(၅) ငရုပ်သီးစိမ်း (Green Chilli)
(၆) ငရုပ်ကောင်း (Black Pepper)
(၇) ဆား (Salt)
(၈) သကြား (Sugar)
(၉) သံပုရာ (Lemon)
အသုံးပြုပုံ (၁)
ဆီသတ်ချက်လိုသော် --- အသား/ငါး/ ဟင်းသီးဟင်းရွက်400gm (၂၅ ကျပ်သားခန့်)ကို ဟင်းအနှစ် 35gm (ဟင်းစားဇွန်းမောက်မောက်)ဖြင့် ဆီပူပူတွင် ဆီသတ်ပြီး ဆီပြန်ဟင်းတစ်မျိုး ချက်နိုင်ပါသည်။
အသုံးပြုပုံ (၂)
ဆီ လုံးဝမထည့်သော ဟင်းအဖြစ် အသား/ငါး/ ဟင်းသီးဟင်းရွက် 400gm (၂၅ ကျပ်သားခန့်)ကို ဟင်းအနှစ် 50gm (ဟင်းစားဇွန်းမောက်မောက်) ဖြင့်ရောနှောပြီး ရေအနည်းငယ်ထည့်၍ အရည်ဟင်းတစ်မျိုး ချက်နိုင်ပါသည်။
ကြိုက်နှစ်သက်ပါက နံနံပင်၊ ရှမ်းနံနံ၊ ရှောက်ရွက်များ ... ရောနှောထည့်ပါက ခံတွင်းတွေ့မည့် ချဉ်ငန်စပ်ဟင်းတစ်မျိုး ရပါမည်။ (အဆီကျလိုသူများအတွက်)
- တာရှည်ခံ ဓာတုဆေးဝါးနှင့် အရောင်ဆိုးဆေးများ လုံးဝမပါဝင်ကြောင်း ရာနှုန်းပြည့် အာမခံပါသည်။
- ရေခဲသေတ္တာထဲတွင် သိုလှောင်သိမ်းဆည်းပါက အနည်းဆုံး (၃)လခန့် တာရှည်ခံပါသည်။
- ဟင်းအနှစ် တစ်ဗူးတွင် ( 250gm) ပါဝင်သည်။


0 comments:
Post a Comment