လက်ဖက်သုတ်
လက်ဖက်သုတ်သည် မြန့်မာရိုးရာ အစားအစာတစ်ရပ် ဖြစ်ပါသည်။ လက်ဖက်သည် ရှမ်းပြည် မြောက်ပိုင်း နမ့်ဆမ်ဒေသမှ ထွက်ရှိပါသည်။
ပါဝင်သော အစာပလာများ ...
၁။ လက်ဖက်အသား
၂။ ကြက်သွန်ကြော်
၃။ ဂျင်း
၎။ ပဲခြမ်းကျော်
၅။ ဖရုံစေ့
၆။ မြေပဲလှော်
၇။ မြေပဲဆီ
၈။ ပုဇွန်ခြောက်
၉။ နှမ်းလှော်
၁၀။ တွင်းပိုး
၁၁။ ခရမ်းချဉ်သီး
၁၂။ ငရုပ်သီးစိမ်း
၁၃။ ကြက်သွန်ဖြူ
၁၄။ ဆား
၁၅။ သံပုရာသီး
၁၆။ ဒညင်းသီး
လက်ဖက်သုတ် အမျိုးအစားများ
၁။ ရှုးရှဲသုတ်
၂။ ကြက်ခြေနီသုတ်
၃။ အဖိုးကြီးသုတ်
၎။ ချဉ်ငံစပ်သုတ်
၅။ အလှူမင်္ဂလာပြင် လက်ဖက်ပွဲ
၆။ မိုးကျ လက်ဖက်သုတ်
အမြန်ဆုံး ကန်ဇွန်းရွက် ချဉ်စပ်ဟင်းရည်
(က) ကန်ဇွန်းရွက် ၁စည်း
(ခ) ရိုးရာချဉ်ငံစပ် ဟင်းချက်အနှစ်
(ဂ) ရေ
ပထမဦးစွာ ကန်ဇွန်းရွက် တစ်စည်းကို အနေတော် လှီးဖြတ်ထားပါ။ ချက်မည့် အိုးထဲသို့ ရိုးရာချဉ်ငံစပ် ဟင်းချက်အနှစ် ဟင်းစားဇွန်းမောက်မောက် တစ်ဇွန်းကို ထည့်ပါ။ ရေ နို့ဆီဗူး ၂ဗူးခန့် ရော၍ အပူပေးပါ။ ဟင်းရည်ပွက်ပွက်ဆူပါက ကန်ဇွန်းရွက်များ ထည့်၍ အဖုံး ခေတ္တအုပ်ထားလိုက်ပါ။ ၅မိနစ်ခန့်ကြာသော် အရသာရှိသော ကန်ဇွန်းရွက် ချဉ်စပ်ဟင်းရည် တစ်ခွက်ကို သင်စားသုံးနိုင်ပါပြီ ။
မှတ်ချက်။ ။ ကန်ဇွန်းရွက်အစား အခြား ဟင်းသီးဟင်းရွက် ချဉ်စပ်ဟင်းရည်လေးများလည်း ချက်စားနိုင်ပါသည်။
ငါးခေါင်းချဉ်စပ်ဟင်း
ပါဝင်သော ပစ္စည်းများ
(က) နှစ်သက်ရာ ငါးခေါင်း
(ခ) ရိုးရာချဉ်စပ်ဟင်းချက်အနှစ်
(ဂ) မျှင်ငါးပိ
(ဃ) ရေ
(င) နှစ်သက်ရာ ရှမ်းနံနံ (သို့) နံနံပင်
ခုတ်ပိုင်းထားသော ငါးခေါင်းများကို အညီနံ့ပျောက်စေရန် ရှာလကာရည် အနည်းငယ်ရောထားသော ရေဖြင့် စင်စင်ဆေးပါ။ ချက်မည့် အိုးထဲသို့ ရိုးရာချဉ်ငံစပ် ဟင်းအနှစ် 100gmခန့်ကို ရေနို့ဆီ ၃ဗူးခန့်ဖြင့် ရော၍ အပူပေးပါ။ ဟင်းရည် ပွက်ပွက်ဆူသော် မျှင်ငါးပိ ကွမ်းသီးလုံးဝက်ခန့် ထည့်မွှေပါ။ ထို့နောက် ငါးခေါင်းများ ထည့်၍ အဖုံးအုပ်ထားပါ။ ၁၀မိနစ်ခန့် ကြာသော ပွက်ပွက်ဆူသော ဟင်းရည်ထဲသို့ ကြိုက်နှစ်သက်ရာ ရှမ်းနံနံ (သို့) နံနံပင် ထည့်၍ စားသုံးနိုင်ပါပြီ ။
ခရမ်းချဉ်သီး ငါးပိချက်
ပါဝင်သောပစ္စည်းများ
(က) ခရမ်းချဉ်သီး ၂၅ကျပ်သား
(ခ) ရိုးရာချဉ်ငံစပ် ဟင်းအနှစ်
(ဂ) မျှင်ငါးပိ (သို့) ငါး-ငါးပိ
(ဃ) ငရုပ်သီးစိမ်း
(င) နံနံပင်
(စ) ဆီ အနည်းငယ်
ဒယ်အိုးထဲတွင် ဆီ အနည်းငယ် ထည့်၍ အပူပေးပါ။ ဆီပူသော် လှီးထားသော ခရမ်းချဉ်သီးများ ထည့်မွှေပါ။ ထို့နောက် မျှင်ငါးပိ (သို့) ငါး-ငါးပိ အနည်းငယ် ထည့်ပါ။ ခရမ်းချဉ်သီး နူးသော် ရိုးရာချဉ်ငံစပ် ဟင်းအနှစ် 100gm (ဟင်းစားဇွန်းမောက်မောက် ၂ဇွန်း)ခန့် ရော၍ မွှေပါ။ အညှာချွေထားသော ငရုပ်သီးစိမ်းတောင့် အနည်းငယ် ထည့်၍ မွှေပါ။ ခရမ်းချဉ်သီးများ ကြေ၍ ဆီပျံသော် နံနံပင် အုပ်၍ စားသုံးနိုင်ပါပြီ။
ကြက်သားဆီပျံဟင်း
ပါဝင်သောပစ္စည်းများ
(က) ကြက်သား 400gm (၂၅ကျပ်သားခန့်)
(ခ) ရိုးရာဟင်းချက်အစပ်နှစ်
(ဂ) သကြား (သို့) အချိုမှုန့်
(ဃ) ငါးငံပြာရည်
(င) မဆလာ
(ဃ) ဆား
(စ) ရေ
(၁) ဆီသတ်ချက်လိုသော် ---
ခုပ်ထားသော ကြက်သား ၂၅ကျပ်သားခန့်ကို ရေစင်စင် ဆေးပြီး ဆားအနည်းငယ်၊ ငံပြာရည် အနည်းငယ်၊ မဆလာ အနည်းငယ်၊ သကြား (သို့) အချိုမှုန့် အနည်းငယ်ဖြင့် ရောနယ်ထားပါ။ ဒယ်အိုးထဲတွင် ဆီအနည်းငယ်ထည့်၍ အပူပေးပါ။ ဆီပူသော် ရိုးရာဟင်းချက်အစပ်နှစ် 50gm (ဟင်းစားဇွန်းမောက်မောက်)ခန့် ထည့်၍ ဆီသတ်ပါ။ ထို့နောက် အရသာနယ်ထားသော် ကြက်သားများကို ထည့်၍ မွှေပါ။ ဆီပြန်သော် ရေအနည်းငယ် ထည့်၍ အုပ်ထားပါ။
(၂) လုံး ချက်လိုသော် ---
ခုပ်ထားသော ကြက်သား ၂၅ကျပ်သားခန့်ကို ရေစင်စင် ဆေးပြီး ဆားအနည်းငယ်၊ ငံပြာရည် အနည်းငယ်၊ မဆလာ အနည်းငယ်၊ သကြား (သို့) အချိုမှုန့် အနည်းငယ်၊ ဆီ အနည်းငယ်နှင့်အတူ ရိုးရာဟင်းချက်အစပ်နှစ် 50gm (ဟင်းစားဇွန်းမောက်မောက်)ခန့် ရောနယ်ထားပါ။ ထို့နောက် ချက်မည့်အိုးထဲသို့ ထည့်၍ အပူပေးပြီး မွှေပေးပါ။ ဆီပြန်သော် ရေအနည်းငယ်ထည့်၍ အုပ်ထားပါ။