Thursday, August 26, 2010

Mixed Spicy Paste

အသင့်ချက် ဟင်းအစပ်နှစ်








ပါဝင်သောပစ္စည်းများ
(၁) ကြက်သွန်နီ  (Onion)
(၂) ကြက်သွန်ဖြူ  (Garlic)
(၃) ဂျင်း  (Ginger)
(၄) စပါးလင် (Lemon Grass)
(၅) ငရုပ်သီးမှုန့် (Chilli Powder)
(၆) ဆနွင်းမှုန့် (Ginger Powder)

အသုံးပြုပုံ (၁)
ဆီသတ်ချက်လိုသော် --- အသား၊ ငါး၊ ဟင်းသီးဟင်းရွက် 400gm ( ၂၅ ကျပ်သား) ခန့်ကို နှစ်သက်ရာ ဆား၊ သကြား၊ မဆလာ၊ ငံပြာရည်များဖြင့် ရောနှောထားပါ၊ ဟင်းအနှစ် 50gm (ဟင်းစားဇွန်းမောက်မောက်)ခန့်ကို ဆီပူပူတွင် ထည့်၍ ဆီသတ်ပါ။ ထို့နောက် ရောနယ်ထားသော အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များကို ဆီသတ်ထားသော ဟင်းအနှစ်ဖြင့် ရောနှောချက်ပါက ဆီပြန်ဟင်းတစ်မျိုး ရပါမည်။


အသုံးပြုပုံ (၂)
လုံးချက် (ရေကျန်၊ ဆီကျန်) ချက်လိုသော် --- အသား၊  ငါး၊ ဟင်းသီးဟင်းရွက် 400gm (၂၅ ကျပ်သား)ခန့်ကို နှစ်သက်ရာ ဆီ၊ ဆား၊ သကြား၊ မဆလာ၊ ငံပြာရည်များနှင့်အတူ ဟင်းအနှစ် 50gm (ဟင်းစားဇွန်းမောက်မောက်) ဖြင့် ရောနယ်၍ အိုးထဲတွင် ထည့်ပြီး မွှေချက်ပါ။ ဆီပြန်လာလျှင် ရေအနည်းငယ်ထည့်၍ ခဏအဖုံးအုပ်ထားပါ။  ထို့နောက် ဆီကျန် ရေကျန် ဟင်းတစ်မျိုး ရပါမည်။

  • တာရှည်ခံ ဓာတုဆေးဝါးနှင့် အရောင်ဆိုးဆေးများ လုံးဝမပါဝင်ကြောင်း ရာနှုန်းပြည့် အာမခံပါသည်။ 
  • ရေခဲသေတ္တာထဲတွင် သိုလှောင်သိမ်းဆည်းပါက အနည်းဆုံး (၃)လခန့် တာရှည်ခံပါသည်။
  • ဟင်းအနှစ် ( 250gm) ပါဝင်သည်။

0 comments:

Post a Comment